text
stringlengths 20
530
| source
stringclasses 59
values |
|---|---|
အများစုက မင်းကတော် သူဌေးကတော်နဲ့ အိမ်ထောင်မပြုရင်လည်း သူဌေးမ အဖြစ် အငြိမ်းနေကြတဲ့ ခေတ်ဖြစ်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46237132
|
ဒါကြောင့် ဖောက်ပြန်မှု ဆိုတာတွေမှာ အမျိုးသားတွေက ကျူးလွန်တာ များပြီး ဥပဒေအရလည်း အငယ်အနှောင်းတွေဘက်က ကာကွယ်တာကို တွေ့ရပါတယ်။
|
https://www.bbc.com/burmese/in-depth-46237132
|
ဒီလောကဓံတွေကို ခေတ်မီတယ် ဆိုတဲ့ မြနန္ဒာလည်း ပြည်ပမှာ ကြုံခဲ့ရပါတယ်။
|
https://www.bbc.com/burmese/in-depth-46237132
|
နောက်ဆုံးတော့ မြနန္ဒာဟာ ပါရီကို မုန်းသွားပြီး လုဗ်ပြတိုက်ကိုလည်း မသွားတော့ပါဘူး။ 'အဲဒီလမ်းကို မလျှောက်ချင်လို့' ဆိုပြီးလည်း ဖြေတတ်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46237132
|
ပါရီကို မိန်းမပေါ အချစ်ပေါတဲ့မြို့လို့လည်း ခေါ်ပါတယ် ။
|
https://www.bbc.com/burmese/in-depth-46237132
|
နန္ဒာကော ဆံပင်တွေ ဖြတ်ပစ်ပြီး ဂါဝန်တိုလေးနဲ့ စိန်းမြစ်ကမ်းမှာ လျှောက်ကြည့်ချင်တယ်လို့လည်း ခင်ပွန်းကို ပြောင်လှောင်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46237132
|
အဲဒီလိုနေရင် အချစ်တွေ ထပ်ရမလား၊ သူ့ခင်ပွန်းရဲ့ အချစ်ကို ရမှာလားလို့လည်း ခနဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46237132
|
သင်္ဂဇာ ဆရာတော် စကားပုံတွေထဲက ကိုယ့်မြင်းငှားစီးလို့ သူများလှေပြန်လှော်တဲ့သူ ပုံပြင်မျိုး ပြိုင်သူပဲ ရှုံးမယ့်အထာနဲ့ မမိုက်ချင်ပါနဲ့ နန္ဒာရယ်လို့ပဲ သူ့ရဲ့ ခင်ပွန်းက တုံ့ပြန်ခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46237132
|
မြူးနစ်မှာ စာသင်ရင်း မိသားစု လျှောက်လည်တဲ့အကြောင်းလည်း ကြည်အေးက ရေးပါတယ်။
|
https://www.bbc.com/burmese/in-depth-46237132
|
ကျော်ကြားသော အောက်တိုဘာ မြူးနစ်ပွဲတော်မှာ ရောနှော ဝင်ရောက်ကာ စားသောက်မူးရူး ကြည့်ကြသေးတယ်လို့ ဆိုပါတယ်။
|
https://www.bbc.com/burmese/in-depth-46237132
|
ဘီယာနဲ့ ဝက်အူချောင်းကို ခင်းကျင်းရောင်းချတဲ့ ပွဲတော်တွေမှာ မြနန္ဒာ အချစ်ကိုလည်း ရှာခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46237132
|
လူအုပ်ထဲမှာ ခင်ပွန်းက တခြားမိန်းမကို လိုက်ကြည့်နေရင် မြနန္ဒာက လက်ကို လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
|
https://www.bbc.com/burmese/in-depth-46237132
|
သူ့နဲ့ကွဲသွားရင် ကလေးကို လူရှင်းတဲ့ နေရာ ခေါ်သွားပြီး သစ်ပင် ရေပန်း မီးရောင်စုံကိုပြ၊ ပူဖောင်း ဝယ်ပေးပြီး အိမ်ပြန်တယ်လို့လည်း ရေးပါတယ်။
|
https://www.bbc.com/burmese/in-depth-46237132
|
နောက်နေ့ ခင်ပွန်းပြန်လာလားလည်း မစုံစမ်းတော့ဘူးလို့ ရေးပါတယ်။
|
https://www.bbc.com/burmese/in-depth-46237132
|
မြနန္ဒာရဲ့ ဇာတ်ရုပ်ဟာ ခင်ပွန်းဖောက်ပြန်မှု ပေါင်းစုံကို သည်းခံရင်း သားသမီးတွေနဲ့ အနုပညာ၊ ဖဲရိုက်တာတွေဆီမှာပဲ ဘဝကို သီးခြားနေခဲ့တဲ့ အမျိုးသမီးတယောက်ရဲ့ ဘဝကို ဖွဲ့ပြတာပါ။
|
https://www.bbc.com/burmese/in-depth-46237132
|
ကြည်အေးရဲ့ ဇာတ်ရုပ်အများစုမှာလိုပဲ မြနန္ဒာဟာလည်း အခြေအနေကို ဖောက်ထွက်ဖို့ မစဉ်းစားဘဲ မျောပါသွားတာ တွေ့ရပါတယ်။
|
https://www.bbc.com/burmese/in-depth-46237132
|
ဒါကြောင့် ကြည်အေးကို မြန်မာစာပေမှာ အစောဆုံး ဖြစ်တည်မှု ပဓာနဝါဒီလို့ စာရေးဆရာတချို့က ကင်ပွန်းတပ်ခဲ့ကြတာပါ။
|
https://www.bbc.com/burmese/in-depth-46237132
|
စာရေးဆရာ ရုပ်ရှင်မင်းသားနဲ့ အဆိုတော် ဝင်းဦးကို မောင်တို့ချယ်ရီမြေ၊ မှုံရွှေရည်၊ တိမ်လွှာမို့မို့လွင် စတဲ့ဇာတ်ကားတွေ၊ မိန်းမလှအမုန်းနဲ့ တက္ကသိုလ်ကျောင်းသားတဦး စတဲ့ ဝတ္ထုတွေ၊ စန္ဒာမဂ္ဂဇင်းတို့အပြင် မန္တလေး သင်္ကြန်နဲ့ တွဲပြီး လူတွေက မှတ်မိကြပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
သူကွယ်လွန်တာ အနှစ် ၃ဝ ပြည့်ခဲ့ပြီးတဲ့အထိ သူ့ကိုသတိအရကြဆုံးက သူ့ရဲ့ ထူးခြားတဲ့ အသံနဲ့ ကိုယ်ဟန်သွင်ပြင် ဖြစ်မှာပါ။
|
https://www.bbc.com/burmese/in-depth-46605005
|
ဝင်းဦးဟာ သူ့ခေတ်ကိုကျော်ပြီး လူပရိသတ်စိတ်ဝင်စားခံရတဲ့ ရှားပါးအနုပညာရှင်တယောက် ဖြစ်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ရုပ်ရှင်နဲ့ဂီတနယ်မှာ သူ့လိုအောင်မြင်သူက စစ်မဖြစ်ခင်က ခင်မောင်ရင်နဲ့ မေရှင်၊ စစ်ပြီးနောက်မှာ ကြည်ကြည်ဌေး၊ ခင်သန်းနု၊ တွံတေးသိန်းတန်နဲ့ ကျော်ဟိန်း စတဲ့သူတွေလောက်ပဲ ရှိပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ကျန်တဲ့ အနုပညာကြယ်ပွင့်အများစုကိုတော့ ခေတ်ကုန်တာနဲ့ တပ်မက်သူ လူနည်းစုလောက်ပဲ သိကြ သတိရနေကြတာပါ။
|
https://www.bbc.com/burmese/in-depth-46605005
|
ဝင်းဦးနဲ့ မေရှင်၊ တွံတေးသိန်းတန် စတဲ့သူတွေရဲ့ အနုပညာလက်ရာ သီချင်း၊ ရုပ်ရှင်တွေကတော့ ခေတ်အဆက်ဆက် ပရိသတ်အသစ်တွေလက်ထဲမှာ တင်ကျန်မြဲ ဖြစ်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဝင်းဦးကို သူ့ဖခင် ချစ်ဒုက္ခဦးဘညွန့်နဲ့ တွဲသိကြပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဦးဘညွန့်ရဲ့ချစ်ဒုက္ခ ဆိုပြီး သီချင်းနှစ်ပုဒ်ထွက်အောင် ထင်ရှားခဲ့တဲ့ ဦးဘညွန့်ဟာ သီချင်းနှစ်ပုဒ်တည်းနဲ့ နာမည်ကျန်ရစ်သူ ဖြစ်သလို တက္ကသိုလ်ပါမောက္ခကြီးလည်း ဖြစ်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ရုပ်ရည်ချောမောတဲ့ ဦးဘညွန့်နဲ့ အဆိုတော် ဒေါ်သန်းဧတို့ နှစ်ယောက်ကို တက္ကသိုလ်သမဂ္ဂရန်ပုံငွေ ရုပ်ရှင်ရိုက်ဖို့ ဒဂုန်တာရာတို့ ကျောင်းသားဘဝက ကမ်းလှမ်းခဲ့ဖူးပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဂီတနောက်ခံ ဒီဇာတ်ကားသာ ရိုက်ဖြစ်ခဲ့ရင် ဝင်းဦးထက်အရင် ဦးဘညွန့်က မင်းသားဖြစ်ခဲ့မှာပါ။
|
https://www.bbc.com/burmese/in-depth-46605005
|
ဝင်းဦးရဲ့ မိခင် မင်နီဘခက်ရဲ့ဖခင်ကတော့ မြန်မာတိုင်းရင်းဆေးပညာအကြောင်း သုတေသနတွေ စစ်မဖြစ်ခင်ကတည်းက ဆောင်ရွက်သွားတဲ့ ဆရာဝန်ကြီး ကာနယ်ဘခက် ဖြစ်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ရုပ်ရည်အဆင်းနဲ့ ပြည့်စုံတဲ့ ကာနယ်ဘခက်ရဲ့ ဖခင်ကတော့ မြန်မာပြည်မှာ ပထမဆုံးဖွဲ့တဲ့ လက်ထောက်ဘုရင်ခံရဲ့ အတိုင်ပင်ခံကောင်စီဝင် မော်လမြိုင်က ဦးခက် ဖြစ်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
တက္ကသိုလ် ပါမောက္ခ မိသားစုတွေထဲမှာ အနုပညာရှင်အဖြစ် လူသိများတဲ့ အဆိုတော် မင်းသမီး အေဝမ်းဒေါ်မေသန်းတို့ ပြီးရင် ဝင်းဦးတို့ ညီအစ်ကိုတွေနဲ့ သူတို့ဖခင် ဦးဘညွန့်တို့က အနုပညာလောကမှာ ထင်ရှားလာပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဝင်းဦးဟာ အောင်မြင်တဲ့ အဆိုတော် မင်းသား ဒါရိုက်တာ ကုမ္ပဏီပိုင်ရှင်ထက် စာရေးဆရာ အယ်ဒီတာ ဘဝကို ပိုပြီး ဂုဏ်ယူတယ်လို့ သူ့တပည့် အဆိုတော် မင်းသမီးချိုပြုံးက ပြောပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဒါကြောင့် သူဟာ မြန်မာပြည်မှာ ပထမဆုံး အသံထွက် စာအုပ်ပုံစံ လူထုဒေါ်အမာရဲ့ ရွှေရိုးဘကလေး စာအုပ်ထဲက ဝေလွင်လွင် ရုပ်ရှင်အကြောင်း စာဖတ်ပြီး တိပ်နဲ့သွင်းတာမျိုးတွေ လုပ်ခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
စာရေးရင်လည်း အပန်းတကြီးအားထုတ်စရာ မလိုဘဲ အလုပ်များတဲ့ကြားက ဝတ္ထုတွေ သွက်သွက်လက်လက် ရေးနိုင်တဲ့သူလို့လည်း ချိုပြုံးက ဆိုပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
စာရေးကောင်းတဲ့ အရည်အချင်းကြောင့် သူတင်ဆက်လိုတဲ့ အနုပညာကို ပရိသတ် လက်ခံအောင် တင်ပြတတ်တဲ့ အရည်အချင်းက ပိုထက်မြက်တာလည်း ဖြစ်နိုင်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ပြီးတော့ ဝင်းဦးဟာ စာရေးဆရာဘဝနဲ့ ရှုမဝမဂ္ဂဇင်းမှာ အရင်ထင်ရှားသူဖြစ်လို့ သူရုပ်ရှင်ရိုက်တဲ့အခါမှာ စာရေးဆရာဝင်းဦး အဖြစ် မိတ်ဆက်ခံခဲ့ရပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
သူ့စာတွေမှာ တင့်တယ်လို အပျော်ဖတ် စာရေးဆရာကြီးတွေရဲ့ သြဇာထင်ဟပ်ပေမယ့် ဝင်းဦးဟာ သူ့လက်ရာအဖြစ် ပြောနိုင်တဲ့ စာတွေ ထားခဲ့နိုင်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ပထမဆုံး ထင်ရှားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတဦး မှာတော့ ရွှေပြည်အေးရဲ့ စစ်အတွင်းက ပြဇာတ်သီချင်း လွမ်းငွေ့ဝေဝေ ကို ပင်တိုင်ထားပြီး ထည့်သွင်းဖွဲ့နွဲ့ခဲ့သလို နောင်မှာ သူအဆိုတော် ဖြစ်လာတော့လည်း ဒီသီချင်းကို အောင်မြင်စွာ ပြန်လည် သီဆိုခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဖဲစက်ရာ တွဲလျက်သာ နွှဲယှက်ကာရယ် ဟိုတုန်းခါက မောင်နဲ့မယ် အစချီတဲ့ ဒီသီချင်းဟာ ဝင်းဦး ပထမဆုံး စဆိုတယ်လို့ အထင်ခံရတဲ့အထိ လူသိများခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဂျာမန် ဝေါ့ဇ်တေးသွားတပုဒ်ကို မှီးမှန်းလည်း လူမသိတော့ပါဘူး။
|
https://www.bbc.com/burmese/in-depth-46605005
|
သူရေးတဲ့အထဲမှာ အထင်ရှားဆုံး ဖြစ်တဲ့ မိန်းမလှအမုန်း မှာတော့ အိပ်မက်ဆန်ဆန် အချစ်လူဝင်စား ဇာတ်လမ်းကို ဖတ်သူတွေ စွဲမက်အောင် ရေးဖွဲ့ခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဝတ္ထုထဲက ထွန်းနိုင်နဲ့ မမမေဂျာ ဇာတ်ရုပ်နဲ့ ရခိုင်ခေတ်ဟောင်းက မဂိုလုလင်နဲ့ ဘုရင့်သမီးတော် ဇာတ်ကြောင်းဟာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စိတ္တဗေဒနောက်ခံ ဝတ္ထုတွေ၊ ရွှေဥဒေါင်းရဲ့ ရူပနန္ဒီ ဇာတ်လမ်းတွေနဲ့ ဆင်ပေမယ့် ဝင်းဦးရဲ့ဝတ္ထုမူရယ်လို့ ပေါ်အောင် ရေးခဲ့တာပါ။
|
https://www.bbc.com/burmese/in-depth-46605005
|
ဝင်းဦးဟာ သူကိုယ်တိုင် ခွန်အားဗလပြည့်စုံပြီး အမျိုးသမီးတွေကြိုက်တဲ့ ဇာတ်ဆောင်ဘဝကို ရခဲ့သလို သူ့ဇာတ်လိုက်တွေမှာလည်း ယောက်ျားပီသတဲ့ မြာစွံမောင်တွေ ဖြစ်တာတွေ့ရပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဒါကြောင့် အသည်းစား မဟာရာဇာ၏ရှင်းတမ်း လို ဝတ္ထုမျိုးကိုလည်း သူရေးခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဝင်းဦးဟာ စာကိုလည်း အစုံဖတ်တယ်၊ နာမည်ကြီးတွေရဲ့စာကိုသာမက လူမသိတဲ့စာရေးဆရာတွေရဲ့ လက်ရာတွေကိုလည်း ဖတ်တဲ့သူလို့ ချိုပြုံးက အမှတ်တရ ပြောခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
သူ့ရဲ့ စန္ဒာမဂ္ဂဇင်းမှာလည်း စာလေးစာပေါ့စုံလင်အောင် ထည့်သလို တင့်တယ်လို အယ်ဒီတာလက်ဟောင်းကြီးတွေကို မဏ္ဍိုင်ပြုပြီး ရသစာပေကို အားပြုထည့်သွင်းခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ခေတ်ပြိုင်မဂ္ဂဇင်းတချို့မှာ နိုင်ငံရေးဆန်တဲ့စာတွေ များပေမယ့် ဝင်းဦးရဲ့ စန္ဒာမှာတော့ စာပေအနုပညာသက်သက်ဖြစ်အောင် လူလည်းကြိုက်အောင် အားထုတ်ခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
လက်ဝဲစာပေနဲ့ ရုပ်ဝါဒ ခေတ်စားတဲ့ခေတ်မှာ ဝင်းဦးရဲ့ စိတ္တဗေဒနောက်ခံ အချစ်ဝတ္ထုတွေ၊ အလွမ်းဇာတ်လမ်းတွေကလည်း ပရိသတ်ကြီးခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဝင်းဦးဟာ နှစ်ယောက်ထဲနေချင်တယ် နဲ့ မောင်တို့ချယ်ရီမြေ ဇာတ်ကားတွေမှာ တဟုန်ထိုး နာမည်တက်လာပြီး ပရက်စလေ၊ ပတ်ဘွန်းစတဲ့ အမေရိကန် အဆိုတော်မင်းသားတွေရဲ့ ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ သီချင်းတွေကို မြန်မာပြန် ရိုက်ကူးသီဆိုရာမှာ ထင်ရှားခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
အိုမောင်နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ အစချီတဲ့ မောင်တို့ချယ်ရီမြေ သီချင်းမှာ ဟင်းဟင်ဟင်းဟင် စတဲ့ နှုတ်ခမ်းသံတွေ ထည့်စပ်တာကစပြီး မေခင်ကျွန်တော့်အချစ်တော် ၊ မီးပုံပွဲ ၊ ပိတောက်ရိပ်ဝယ် စတဲ့ သူ့တေး တော်တော်များများမှာ အာမေဋိတ်သံတွေ အများအပြား ထည့်သွင်းခဲ့လို့ မိတ္တူတေးလောကမှာ တခေတ်ထူခဲ့သူလို့ စန္ဒရားလှထွတ်စတဲ့ ဂီတသမိုင်းပြုသူတွေက မှတ်ချက်ချခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ခေတ်ပြိုင်လူငယ် ပရိသတ်တွေအကြားမှာ ဗလတောင့်တင်းပြီး အနောက်တိုင်းဆန်ဆန်တေးတွေ ဆိုတတ်သူ၊ နှုတ်ခမ်းမွေးစစနဲ့ ပွင့်လင်းတဲ့အပြုံးပိုင်ရှင် သရုပ်ဆောင်ဟာ သူ့ထက်စောတဲ့ လူကြီးဆန်ဆန် မင်းသားတွေ၊ ခန္ဓာကိုယ် သေးကွေးတဲ့ မြန်မာသရုပ်ဆောင် အများစုနဲ့မတူဘဲ ကွဲထွက်နေပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဒါကြောင့် အမျိုးသမီးပရိသတ်အများစုရဲ့ နှစ်ခြိုက်အားပေးမှု ခံရသလို လူငယ်အမျိုးသားတွေ အားကျအတုယူတာတွေလည်း ရှိခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဝင်းဦးဟာ အနုပညာကို ငွေရှာဖို့ထက် ဝါသနာကြောင့် အရင်းတည်ပြီး ရှင်သန်ပုံရပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဒါကြောင့်လည်း အင်းယားကန်နားမှာ တိုက်နဲ့နေပြီး ပြိုင်ကားမောင်းနိုင်တဲ့ ခေတ်မှာရော ဘားလမ်းက တိုက်ခန်းလေးမှာနေတဲ့ ခေတ်မှာရော သူ့အတွက် အနုပညာအသစ်တွေ ပိုကောင်းအောင် ဖန်တီးဖို့ပဲ အာရုံစိုက်ခဲ့တာ တွေ့ရပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
နောက်ပြီး သူ့မှာ ကြည်လင်တဲ့ ဥပဓိမျက်နှာနဲ့ ကလေးဆန်တဲ့အပြုံးကြောင့် လူတွေက မမေ့နိုင် စွဲလမ်းရတယ်လို့လည်း မင်းသမီး ချိုပြုံးက ဆိုပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဝင်းဦးကို ဝင်းဦးဖြစ်စေတဲ့ အဓိကတချက်က သရုပ်ဆောင်ရာမှာ ပီပြင်အောင် ကြိုးစားမှုအပြင် ဝင်းဦးအသံလို့ ပြောစရာကျန်ခဲ့တဲ့ သင်္ကေတအသံဖြစ်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ကရုဏာနဲ့ သံလိုက်လို ဆွဲငင်နိုင်တဲ့ အသံကို ဟန်လုပ်ပြောတယ်လို့ ထင်ကြပေမယ့် သူ့ရဲ့ဟန်က သူ့အတွက်သာ လိုက်ဖက်ပြီး သူ့ကိုလိုက်တုရင်တော့ မတူဘဲ ရယ်စရာ အသံမျိုး ဖြစ်သွားတတ်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
သူရိုက်တဲ့ ကားတွေထဲမှာ မင်းသမီးမပါဘဲ ကလေးသရုပ်ဆောင်နဲ့သာ ရိုက်တဲ့ အတွယ်အတာ ကို သူတော်တော် သဘောကျတယ်လို့လည်း ချိုပြုံးက ပြောပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဒီကားဟာ တကယ်က လူထုဦးလှရဲ့ ဝတ္ထု ချစ်သဲ ကို သူရိုက်ခွင့်မသာ ဖြစ်လို့ သူ့ဇာတ်လမ်းသူရှာပြီး လူဆိုးကို ဇာတ်ကောင်လုပ် ရိုက်ခဲ့တာပါ။
|
https://www.bbc.com/burmese/in-depth-46605005
|
နောက် သူအားထုတ်ပြီး ရိုက်ခဲ့တဲ့ မှုံရွှေရည် ကိုလည်း ဝင်းဦး အမြတ်တနိုး ထားပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ချစ်သူရွေးမယ်ချစ်ဝဲလယ် လို ကားမျိုးကိုလည်း နည်းပညာအားနည်းတဲ့ခေတ်မှာ ရှစ်ကိုယ်ခွဲ ရအောင်ရိုက်ခဲ့တာပါ။
|
https://www.bbc.com/burmese/in-depth-46605005
|
နောက်ပြီး ဆောင်းအိပ်မက် မှာ မပြီးသေးသောပန်းချီကား သီချင်းဆိုတဲ့ အခန်းနဲ့ တိမ်လွှာမို့မို့လွင် ဇာတ်ကားထဲက ကမ်းခြေမှာ သီချင်း သရုပ်ဖော်ခန်း တွေကလည်း မြန်မာပရိသတ်ရင်ထဲမှာ တင်ကျန်တဲ့ ဇာတ်ကွက်တွေ ဖြစ်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
တကျော့နှစ်ကျော့တေးကိုသီ ဇာတ်ကားမှာတော့ မြန်မာဂီတဇာတ်ကားကောင်းအဖြစ် တင်ကျန်အောင် သူအားထုတ်ခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
အစမှာ မိတ္တူတေးတွေ ဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ မြို့မငြိမ်းတေးတွေ သူပြန်လည် ဆန်းသစ်ခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ခေတ်ဟောင်းတေးတွေနဲ့ သီချင်းကြီးတွေကိုလည်း လူငယ်တွေကြား သူပြန်ပို့ပေးခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
နောက် မန္တလေးသင်္ကြန်မှာ ဆယ်နှစ်ကျော် သွားရောက်ဖျော်ဖြေခဲ့လို့ ဝင်းဦးနဲ့မန်းသင်္ကြန်ဆိုပြီး ယဉ်ကျေးမှုပြကွက်တခုလို ကျန်ရစ်ခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဝင်းဦးဟာ ၁၉၆ဝ ကျော်မှာ အနောက်ဆန်ဆန် လူငယ်သရုပ်ဆောင်အဖြစ် စင်ပေါ်တက်လာခဲ့ပြီး ၁၉၇ဝ ကျော် စတီရီယိုတေးနဲ့ ဟစ်ပီယဉ်ကျေးမှု ခေတ်စားလာချိန်မှာတော့ ရိုးရာကို ပြန်ဖော်ထုတ်ပြီး လူကြိုက်များခဲ့ပြန်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဝင်းဦးကို လူတွေ စိတ်ဝင်စားကြတဲ့အထဲမှာ တခြားအနုပညာကြယ်ပွင့်တွေလိုပဲ သူ့ရဲ့ကိုယ်ရေးဘဝကိုလည်း စူးစမ်းချင်တတ်ကြပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
သူနဲ့ အကယ်ဒမီမင်းသမီးတလက်ရဲ့ မညားခဲ့တဲ့ အချစ်ဇာတ်လမ်းကလည်း ပြောကြဆဲ ဖြစ်ပြီး ဒီအကြောင်းတွေကို ဝင်းဦးက အမှတ်တရ ပြန်ပြောင်း ပြောတတ်တယ်လို့ ချိုပြုံးက ဆိုပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
သူ့အကြောင်း စာဖွဲ့ခဲ့သူတွေထဲမှာ သူနဲ့ခရီးတွေ အတူသွားတတ်တဲ့ စာရေးဆရာမောင်နေဝင်းကတော့ သူ့အကြောင်း စာတအုပ်ရေးခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
နာမည်ကြီး မင်းသားဖြစ်ပေမယ့် စာရေးဆရာတွေနဲ့ ရင်းရင်းနှီးနှီးနေထိုင်ပြီး ဟန်ပန်မလုပ် တတ်သူအဖြစ် သူ့ကို သရုပ်ဖော်ခဲ့ကြပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
နောက် ဆင်းရဲနွမ်းပါးတဲ့ အနုပညာရှင်ကြီးတွေကိုလည်း ထောက်ပံ့ကူညီတတ်သူလို့ သူ့ကို သိကြပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ဝင်းဦးဟာ အသက် ၅ဝ ကျော်နဲ့ ဘဝအဆုံးသတ်သွားခဲ့ပေမယ့် သေခြင်းတရားကို သူလက်ခံသွားခဲ့ပုံရတယ်လို့ သူ့တပည့်ရင်း ချိုပြုံးက ပြောပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
နောက်ပြီး သူဟာ အသက်ကြီးရင့်တဲ့အထိ ဘဝကိုနေချင်ပုံမရဘူးလို့ ခံစားမိတယ်လို့လည်း ဆိုပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
အပွင့်တွေဝေနေချိန်မှာ ကြွေချင်တဲ့ ချယ်ရီလို စိတ်မျိုး၊ နာမည်ကြီးနေတုန်းမှာ ဘဝကို ရပ်ခဲ့ဖို့စိတ်မျိုး ဝင်းဦးမှာ ရှိသလားလည်း မပြောနိုင်ပါ။
|
https://www.bbc.com/burmese/in-depth-46605005
|
နောင်လာမယ့် မျိုးဆက်တွေလက်ထက်မှာလည်း သူ့သီချင်းနဲ့ ရုပ်ရှင်တွေကို ခံစားမက်မောနေကြဦးမယ်လို့ ချိုပြုံးက ပြောပါတယ်။
|
https://www.bbc.com/burmese/in-depth-46605005
|
ရဲဘော်သုံးကျိပ်ကို မြန်မာ့တပ်မတော် တည်ထောင်သူတွေအဖြစ် လူသိများပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
ဒီပုဂ္ဂိုလ်တွေထဲက ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်လက်ျာ၊ ဗိုလ်မှူးချုပ်ကျော်ဇော တို့ဟာ အထူးထင်ရှားပြီး ဗိုလ်ဇေယျ၊ ဗိုလ်စကြာ၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းဂေါင်၊ ဗိုလ်တာရာ စသူတွေကိုလည်း လူသိများပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
သူတို့ရဲ့ သားသမီးတွေထဲမှာ အထင်ရှားဆုံးက နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ။
|
https://www.bbc.com/burmese/in-depth-46346058
|
၁၉၈၈ အရေးအခင်းကာလမှာတော့ လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းရဲ့သမီး ဒေါ်ခင်စန္ဒာဝင်း နာမည် ထင်ရှားလာသလို ဖခင်ဖြစ်သူ ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ တရုတ်ပြည်ကို လိုက်သွားခဲ့ပြီး ဗမာပြည် ကွန်မြူနစ်ပါတီမှာ ထမ်းဆောင်နေတဲ့ ဒေါက်တာလှကျော်ဇောဟာလည်း ၂ဝဝဝ ပြည့်လွန်နှစ်တွေမှာ ထင်ရှားလာပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
ဒီထဲမှာ စာရေးဆရာ အဖြစ် ထင်ရှားသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာခင်လက်ျာ၊ ဒေါက်တာလှကျော်ဇောတို့ပါ။
|
https://www.bbc.com/burmese/in-depth-46346058
|
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးခေါင်းဆောင် ဖြစ်မလာခင်ကတည်းက သူ့ဖခင်အကြောင်း စာအုပ်တွေ ပြုစုခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
သြစတြေးလျနိုင်ငံ ကွင်းစလန် တက္ကသိုလ်က ထုတ်တဲ့ အာရှတိုက်ခေါင်းဆောင်များ စာစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ၁၉၈၅ က ရေးခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
အိန္ဒိယနိုင်ငံ ဆင်းမလားမြို့က ၁၉၉ဝ မှာ ထုတ်ဝေတဲ့ ကိုလိုနီခေတ် မြန်မာနဲ့ အိန္ဒိယ ပညာတတ်တွေဘဝ အကြောင်း စာအုပ်မှာလည်း ဗိုလ်ချုပ်တို့ခေတ်က နိုင်ငံရေးနဲ့စာပေ လှုပ်ရှားမှုတွေအကြောင်း ပါရှိပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
ဗိုလ်ချုပ်အောင်ဆန်းကို သူ့ဘဝရဲ့ အားကျစရာအကောင်းဆုံး ပုဂ္ဂိုလ်အဖြစ်လည်း သမီးဖြစ်သူက ရှုမြင်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
ဒါကြောင့် ဖခင်ရဲ့ နိုင်ငံရေးဘဝကို ပါရဂူဘွဲ့ယူကျမ်းပြုစုဖို့ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်တက္ကသိုလ်မှာ ကြိုးစားခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
ခွင့်ပြုချက် မရလို့ ကိုလိုနီခေတ် စာပေလှုပ်ရှားမှုအကြောင်း မြန်မာစာပေမှာ မဟာဒဿနိကကျမ်း ပြုစုခဲ့ရပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
အဲဒီမှာလည်း ဗိုလ်ချုပ်တို့ သခင်ဘဝက နဂါးနီ စာအုပ်အသင်း လှုပ်ရှားမှုတွေ အကြောင်း ရေးသားခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
မြန်မာပြည်ရဲ့ အောင်ဆန်း၊ သမီးဖြစ်သူဖွဲ့တဲ့ အတ္ထုပ္ပတ္တိပုံရိပ် ဆိုပြီးလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရာကို ၁၉၉၁ က ကစ်စကာဒေးလ်တိုက်က ထုတ်ခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတွေ မကြာခဏပါရှိသလို သူ့အစိုးရတက်လာပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြေးရုပ်တွေ နိုင်ငံအနှံ့ပေါ်လာခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
ဖခင်ဖြစ်သူ အရှိန်အဝါကို အားပြုတယ်လို့ အတိုက်အခံပါတီတချို့က စွပ်စွဲပေမယ့် ပြီးခဲ့တဲ့ စစ်အစိုးရခေတ်တလျှောက်လုံးမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားပြောဟောတာတွေကို နိုင်ငံအတွင်းမှာ ပိတ်ပင် ထားခဲ့တာတွေရဲ့ တန်ပြန် ရိုက်ခတ်ချက်လည်း ဖြစ်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ စာအုပ်ပြုစုရေးနဲ့ ရုပ်ရှင်ရိုက်ကူးရေးတွေလည်း ပိုပြီး လုံ့လထုတ်လာတာကိုလည်း ဒေါ်စုခေတ်မှာ တွေ့ရပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
ဒေါ်စု အစိုးရ သက်တမ်း ၃ နှစ်အတွင်းမှာတော့ အပြီးသတ်တာ မတွေ့ရသေးပါဘူး။
|
https://www.bbc.com/burmese/in-depth-46346058
|
အမျိုးသားစာပေဆု နှစ်ကြိမ်ရခဲ့တဲ့ ဒေါက်တာခင်လက်ျာဟာ ဒုတိယဝန်ကြီးချုပ်ဟောင်း ဗိုလ်လက်ျာရဲ့သမီးကြီး ဖြစ်ပြီး အမေရိကန်မှာ ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ယူခဲ့သူ ဖြစ်ပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
သူ့ရဲ့ပြည်ပ အတွေ့အကြုံတွေကို စာစောင်တွေမှာ ရေးသားရင်း သူ့ဖခင်အကြောင်းတွေကိုလည်း ရေးသားခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
သူ့ဖခင်အပါအဝင် ရဲဘော်သုံးကျိပ်ဝင်တွေအကြောင်း လူသိနည်းလာလို့ ရေးတာလို့ ဒေါက်တာခင်လက်ျာက ရေးပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
တကယ်တော့ ဖခင်အကြောင်း စာအုပ်ရေးဖို့ အနှစ် ၂ဝ ကျော် သူကြိုးစားခဲ့ပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
မိဘတွေရဲ့ မှတ်စုမှတ်တမ်းတွေ၊ ဖခင်နဲ့လုပ်ဖော်ကိုင်ဘက် နိုင်ငံရေးသမားတွေနဲ့ စာရေးဆရာတွေ၊ တပည့်တပန်းတွေ ပြောပြချက်ကို သူမှတ်သားပြုစုပြီး ရေးတာပါ။
|
https://www.bbc.com/burmese/in-depth-46346058
|
ပြုစုပုံကလည်း အချစ်အမုန်း ခံစားချက်တွေ မပါအောင် ဓမ္မဒိဋ္ဌာန်ကျအောင် ရေးတယ်လို့ သိရပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
ဒါပေမဲ့ ဖခင်ရဲ့ နိုင်ငံရေး စီးပွားရေး ကြိုးပမ်းမှုတွေကို ပေါ်လွင်အောင် ဝါယမစိုက်ရေးတာ တွေ့ရပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
ဒေါ်ခင်လက်ျာရေးသားချက်ကြောင့် အရင်က ပြည့်စုံအောင် မသိရတဲ့ ဗိုလ်လက်ျာရဲ့ နိုင်ငံရေး ဖြစ်ရပ်တွေကို ပိုမိုစုံလင်စွာ သိလာရပါတယ်။
|
https://www.bbc.com/burmese/in-depth-46346058
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.